စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့်အသက် (၂) လပြည့်မှ (၁) နှစ်ခွဲ‌အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ

စဉ့်ကိုင် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ် (၅) ရပ်ကွက်မှ အသက် (၂) လပြည့်မှ (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁) ရက်‌နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက  အသက် (၂) လပြည့်မှ (၁) နှစ်ခွဲအောက် ကလေးငယ်များကို (ဘီစီဂျီ) ပြင်းထန်၀မ်းပျက်၀မ်းလျှော‌ရောဂါ၊  (ရိုတာ) ပိုလီယိုပြင်းထန် အဆုတ်ရောင်၊ (ပီစီဗီ) ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက် (၂) လပြည့်မှ (၁) နှစ်ခွဲအထိ ကလေးငယ် (၅၀) ဦးနှင့် မေးခိုင်ကာကွယ်ဆေးကို ကိုယ်၀န်ဆောင်မိခင် (၂၀) ဦးတို့အား ထိုးနှံ‌ပေးခဲ့ကြကြောင်းနှင့် မြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။                                                                                

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)