ကျောက်တန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်လှစ်

ကျောက်တန်း ​စက်တင်ဘာ ၂

ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ်(၁/၂၀၂၅) ဖွင့်ဖွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ(၁၃)နာရီအချိန်က ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ဥက္ကဋ္ဌဦးဘုန်းခန့်အောင်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့သင်တန်းဖွင့်လှစ်ရခြင်းမှာ မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေးအတွက်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပွားလာပါကလည်း မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ပစ္စည်းကိရိယာများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာစနစ်တကျမီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကိုပြုလုပ်နိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်မှာ ယခုသင်တန်းမှပို့ချသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများကို စနစ်တကျသင်ကြားပြီး မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ဥက္ကဋ္ဌဦးဘုန်းခန့်အောင်နှင့်တာ၀န်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဇော်၊ မြို့နယ်ပြန်ဆက်ဦးစီးဦးသန့်ဇင်ထွန်း ကြက်ခြေနီခရိုင်တာဝန်ခံဦးအောင်ကျော်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သင်တန်းကြီးကြပ်သူများ သင်တန်းသားများတက်ရောက်ခဲ့သည်။

နေလင်းကျော်(ပြန်/ဆက်)