လဲချားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေး ကွင်းဆင်းဆောင်ရွက်

လဲချား စက်တင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေးအတွက် ယမန်နေ့တွင်ဝမ်လေကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဝမ်လေ‌ကျေးရွာအုပ်စုနေပြည်သူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ‌နှင့်အတူ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)