မိုးနဲ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၅ ခု ယာစပါးမျိုးသန့်ပွား စံပြစိုက်ခင်းအတွင်း သွင်းအားစုအဖြစ် သဘာဝမြေသြဇာနှင့် ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဝမ်ဟေကျေးရွာနေ တောင်သူ ဦးလုံးဆော၏ ယာစပါးမျိုးသန့်ပွားစိုက်ခင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပုံနှင့် သွင်းအားစုထည့်သွင်းခြင်းအားဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများကို နည်းပညာပေးဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ယာစပါး ၁၃၆၉ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဝိုးတောင်း