မိုင်းဖြတ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း နေထိုင်သူများအနေဖြင့် မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုများအတွင်း နေထိုင်သူများအနေဖြင့် မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ သတင်းပို့စေရေး၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများအနေဖြင့် အဆိုပါလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းက မွေးဖွားခြင်း၊ သေဆုံးခြင်းများကို အချိန်မီလာရောက်စာရင်းသွင်းဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများတက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)