မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မိတ္ထီလာခရိုင် စိုက်ပျိုးရေး၊ MSME လုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ်ရွှေတောင်ကျေးရွာ တောင်သူဦးမြင့်ငွေ၏ မြေပဲစိုက်ခင်းတွင် တောင်သူများနှင့်တွေ့ဆုံ၍ စပါးအပါအဝင် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို  မှန်ကန်စွာ ကျင့်သုံးသွားရေး လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များကို ယုံကြည်မှုအပြည့်ဖြင့် အသုံးပြုသွားရေး၊ စိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာဌာနများမှ ပညာရှင်များနှင့် ဒေသခံတောင်သူများပူးပေါင်း၍ နည်းလမ်းများရှာဖွေသွားရေးနှင့် တောင်သူများအတွက် သွင်းအားစုများ ဖြန့်ဖြူးပေးနေမှုများကို  ပြောကြားသည်။

င်းနောက် ဝမ်းတွင်းမြို့ညီနောင်ရပ်၊ ဝမ်းတွင်း(၂)ရပ်ကွက်ရှိ သဇင်ဖြူဆေးဆိုးပန်းရိုက်လုပ်ငန်းနှင့် ရွှေအိုးအထည်စက်လုပ်ငန်းများသို့ ရောက်ရှိပြီး လုပ်ငန်းရှင်များမှ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် MSME လုပ်ငန်းများဖြစ်သည့် သဲတော(၁)ရပ်ကွက်ရှိ ဝင်းပဲကြော်လုပ်ငန်းနှင့် ဖိုးထောင်ပဲကြော်လုပ်ငန်းတို့သို့  သွားရောက်ကြည့်ရှုကာ လုပ်ငန်းရှင်များ၏တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။ ဆက်လက်၍ သာစည်မြို့နယ် လှိုင်းတက်ကျေးရွာရှိ ဒဂုန်စားသောက်ကုန်နှင့် စည်သွပ်စက်ရုံ (လှိုင်းတက်)သို့ရောက်ရှိပြီး ဆီးသီး၊ နာနတ်၊ စတော်ဘယ်ရီ၊ သရက်သီးတို့အား ဖျော်ရည်၊ ယိုနှင့်စည်သွပ်ဘူးများ ထုတ်လုပ်မှုလုပ်ငန်းများကို လိုက်လံကြည့်ရှုအားပေးသည်။  

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာသို့ သွားရောက်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ လွယ်ကူသက်သာစွာ သွားလာနိုင်ရေးနှင့် ယာဉ်ပိတ်ဆို့မှုများမဖြစ်ပေါ်စေ‌ရေးအတွက် X-Ray တိုးချဲ့တပ်ဆင် ဆောင်ရွက်ထားပြီး လုပ်ငန်းများလည်ပတ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်