အိမ်ဆိုင်နှင့် လမ်းဘေးဈေးဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီရောင်းချရေး စစ်ဆေးပညာပေး

ကျောက်ပန်းတောင်း စက်တင်ဘာ   ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် လမ်းမကြီးများ ဝဲ/ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပညာပေးခြင်းကို စက်တင်ဘာ၁ရက် မွန်းလွဲ ၂ နာရီက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်သည့် မြို့ဖြစ်စေရေး အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ လမ်းမကြီးဘေး အိမ်ဆိုင်များနှင့်  ဈေးအရောင်း ဆိုင်ရှင်ပိုင်ရှင်များအား စည်းကမ်းများနှင့်အညီရောင်းချရေး ဆွေးနွေးခဲ့ပြီးဖြစ်ရာ၊ ယခုအခါသတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ လှည့်လည်စစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အဖွဲ့ခွဲကာ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို ဆွေးနွေးအသိပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)