စဉ့်ကိုင် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ဈေးအတွင်း၌ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ် အင်ဖက်များဖြန့်ဝေခြင်း၊ Recycle Bag များဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးသီဟကျော်နှင့် ဝန်ထမ်းများ၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးရောင်း/ ဈေးဝယ်သူများအား ဈေးရောင်းရာတွင် ပလတ်စတစ်အိတ်များ အသုံးမပြု၍ ဈေးရောင်းဝယ်ခြင်း မပြုလုပ်ကြရန်၊ ပလတ်စတစ်အိတ်များ အသုံးပြုခြင်းအစား အင်ဖက်ရွက်များ အသုံးပြုကြရန် အသိပညာပေးဟောပြောခဲ့ကြပြီး၊ ဈေးဝယ်သူများအား Recycle Bag (၁၅၀) ပေးခြင်းနှင့် ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစေရေး ဆောင်ရွက်စို့ ခေါင်းစဉ်ပါ အသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)