ကျောက်ဆည်မြို့နယ်တွင် ကျီးပြကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ကျီးပြကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်အနေဖြင့် ငရုတ်သီးနှံများကို တိုက်နယ် (၁) တွင် (၂၆၃) ဧက၊ တိုက်နယ် (၂) တွင် (၁၄၇) ဧက၊ တိုက်နယ် (၅) တွင် (၈၁) ဧက၊ တိုက်နယ် (၆) တွင် (၁၀၇) ဧက၊ တိုက်နယ် (၈) တွင် (၉၇) ဧက၊ တိုက်နယ် (၁၀) တွင် (၃၀) ဧက၊ တိုက်နယ် (၁၁) တွင် (၂၀၃) ဧက၊ တိုက်နယ် (၁၂) တွင် (၁၆၇) ဧက၊ စုစုပေါင်း (၁၀၉၅) ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ငရုပ်စိုက်တောင်သူများအနေဖြင့် ဈေးကွက်ရရှိရေး ရာသီနှင့်နေရာဒေသအလိုက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ငရုပ်သီးနှံသည် ကာလရှည်သီးနှံဖြစ်သောကြောင့် စိုက်ပျိုးရာ၌ ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်း စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အပေါ် မူတည်၍ ငရုတ်သီးနှံကို အသီးအစိမ်းခူးဆွတ်ရောင်းချသကဲ့သို့ အသီးအမှည့်ခူးဆွတ်ကာ အခြောက်လှန်း၍ ရောင်ချခြင်းများ ပြုလုပ်ကြကြောင်း ငရုပ်စိုက်တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)