ကျိုင်းတုံမြို့၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်

​ကျိုင်းတုံ စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ ပြည်သူများသို့  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ကအမှတ်(၅)ရပ်ကွက်ရှိ စုဖူးမားရပ်၊  ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ကော်မရှင်အဖွဲ့ဝင်များက  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုမဲပေးခြင်းဖြင့် တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ မြန်ဆန်၍နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေညာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အမှတ်(၅)ရက်ကွက်ရှိ ပြည်သူများအား မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပညာပေးပြောကြားသည်။

ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြပြီး သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

ထိုသို့ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)