ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး လက်တွေ့စမ်းသပ်

ချမ်းမြသာစည်  စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်  ၉ နာရီခွဲက သံလျက်မော်တောင်ရပ်ကွက် ဒေါနသုခလူမှုကူညီရေးအသင်းရုံး၌ ကျင်းပသည်။         

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယဦးစီးမှူးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြသပြီးနောက် ပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းကိုဆောင်ရွက်ခဲ့ကြသည်။   

 အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေဦး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဟိန်းကျော်အောင်၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် ရွေးကောက်ပွဲကော်မရှင်အ‌ဖွဲ့ခွဲဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

ချမ်းမြေ့ (ချမ်း/စည်)