တိုက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကျင်းပ

တိုက်ကြီး စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြု၍ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်ကာ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ချောင်းစောက်ကျေးရွာ၊ မအူခုံဘုန်းတော်ကြီးကျောင်း၊ ပန်းပင်တန်းကျေးရွာ ဝေဇယံတာဘုန်းတော်ကြီးကျောင်း၊ သစ်အင်းကျေးရွာ၊ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်း၊ ကျွန်းတောကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတို့၌ တစ်ပြိုင်တည်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဆုမွန်အောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဟောပြောပြီး အဆိုပါကျေးရွာများမှ တက်ရောက်လာသည့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုအသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)