သာကေတမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်း​နှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဉ် ကျင်းပ

သာကေတ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ Rover ဖူဆယ်အားကစားကွင်း၌ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ရဲမှူးညွှန့်ဝင်း၊ မြို့နယ် MEVM စက် နည်းပြဆရာများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း ၉၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်၊၊

ဆက်လက်၍ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားနှင့် MEVM စက်နှင့် ပတ်သတ်၍ မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခြင်း၊ မဲဆန္ဒရှင်ပြည်သူများက စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဒုတိယပိုင်းအစီအစဉ်အဖြစ် မွန်းလွဲ (၁:၀၀)နာရီအချိန်မှ ညနေ (:၀၀)နာရီအချိန်ထိ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အိရွှေစင်လတ် (ပြန်/ဆက်)