မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံ ကန်ရေပြည့်မှတ် ၉ ဒသမ ၂၇ ပေကျန်ရှိ

မြစ်သား    စက်တင်ဘာ   ၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၇၈၀၅၇၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၀ ဒသမ ၇၃ ပေရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ကင်းတားရေလှောင် တမံ၏ ရေသိုလှောင်နိုင်မှုပမာဏမှာ ဧကပေ ၈၇၃၅၈၀ ဖြစ်ပြီး ရေထပ်မံသိုလှောင်နိုင်မည့် ပမာဏဧကပေ ၉၃၀၁၀ ကျန်ရှိ၍ ဆည်ကန်ရေပြည့်​ရေအမှတ် (အမြင့်ပေ) ပေ ၆၈၀ ဖြစ်ပြီး ကင်းတားရေ လှောင်တမံအတွင်း ရေထပ်မံ သိုလှောင်နိုင်မှု ရေအမှတ် (အမြင့်ပေ) ၉ ဒသမ ၂၇ပေ ကျန်ရှိကြောင်း  တောင်တရုတ်ပင်လယ် အတွင်းဖြစ်ပေါ်လျက်ရှိသော နောင်ဖမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီးကင်းတားရေ လှောင်တမံအတွင်းသို့ ဝင်ရေအများပြား ဝင်ရောက်လာနိုင်‌ကာ ကန်တွင်း သို့လှောင်ရေကြိုတင် လျော့ချရန် လိုအပ်သည့်အတွက် ရေပိုလွှဲရေတံခါးနှစ်ပေါက်အား  ၁ ဒသမ ၅ ပေစီ‌ ဖွင့်ပေးထားသည်။

မြစ်သားမြို့နယ်  ဆည်မြောင်းနှင့်ရေအသုံးချ ရေးစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ (တမံ)နှင့် ဝန်ထမ်းများက ကင်းတားဆည်တမံကြံခိုင်မှု အခြေအနေနှင့် ကင်းတားဆည်တမံအတွင်းရေဝင်‌ ရောက်မှုအခြေအနေများအား နေ့ညမပြတ် စောင့်ကြပ်လျက်ရှိကြောင်းသိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)