မှော်ဘီ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြောင်းတ ကာကျေးရွာအုပ်စု၊ ရိုးဝကျေးရွာတွင် ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးထွန်းလွင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်မျိုးစေ့တာဝန်ခံဒေါ်လှလှမြတ်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံဒေါ်ယဉ်ယဉ်အောင်နှင့် မှော်ဘီမြို့နယ်ဦးစီးမှူးဦးမြတ်ကျော်တို့က ပန်းတိုင်အထွက်နှုန်းရရှိရေး စပါးပင်သက်တမ်းအလိုက် ဓာတ် မြေဩဇာစနစ်တကျ အချိန်ကိုက်အချိုးညီသုံးစွဲရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် ပိုးမွှားကျရောက်မှုကာကွယ်ရေးများကို တောင်သူများထံအသိပညာပေးဆွေး နွေးခဲ့သည်။
ဝင်းဇော်(ပြန်/ဆက်)