လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယို clip ပြသခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ၌ အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)တွင် ကျင်းပပြု လုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူများအင်တာနက်အွန်လိုင်းအသုံး ပြု၍လောင်းကစားမှု၊ လိမ်လည်မှုနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာများသတိပြုဆင်ခြင်နိုင်ရန် Facebook၊ Viber၊ Telegram စသည်တို့ကိုအသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့်နည်းလမ်းများအကြောင်း၊ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး Video Clip ၂ ခုအား projector ဖြင့် ကျောင်းသား၊ ကျောင်းသူများအားပြသပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၁၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)