လှိုင် စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက အ.မ.က(၂၀)မူလွန်ကျောင်းနှင့်အ.လ.က(၅)ကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများသည် အ.မ.က(၂၀)မူလွန်ကျောင်းနှင့် အ.လ.က(၅)ကျောင်းရှိကျောင်းသား/သူများအား သွားကျန်းမာရေးနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသိပညာပေးဖြစ်သောသန့်လေးသန့်ရန်သူ၊ အစာစားပါကဗျာများအားသင်ကြားပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းဟောကြားခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားအကြောင်းနှင့် ပျိုရွယ်သူကျန်းမာရေးအ ကြောင်းပညာပေးဟောပြောခဲ့ပြီး ပိုးလောက်လန်းစစ်ဆေးခြင်း၊ ပဏမမျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကျောင်းကျန်းမာရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် အခြေ ခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)