အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ တွေ့ဆုံ

ပုသိမ်ကြီး စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေသည် စက်တင်ဘာ ၁ ရက်နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲကျင်းပသည်။

တွေ့ဆုံပွဲတွင်  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ကျောင်းအုပ်ကြီးများဖြင့် တရင်းတနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီးနောက် ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများတို့ကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ကျောင်းအုပ်ကြီးများမှ သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ဆက်လက်၍ ဆရာ/ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးအပ်ခဲ့ပြီး၊ ခရိုင်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ကျောင်းကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်