ပင်လောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း အသိပညာပေးအခမ်းအနား ကျင်းပ

ပင်လောင်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့်အသုံးပြုပြီး မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် အသိပညာပေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးစိုင်းမှိုင်ခမ်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုရသည့် ရည်ရွယ်ချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့နောက် မြို့ပေါ်ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများက တစ်ဦးချင်း လက်တွေ့မဲပေးစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့မဲပေးစပ်းသပ်မှုများကို ဩဂုတ် ၂၉ ရက်နေ့မှစတင်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ထိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)