လဲချား စက်တင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် တပ်မောက်ကျေးရွာအုပ်စုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို သြဂုတ်လ ၃၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တပ်မောက်ကျေးရွာအုပ်စုနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေးနှင့် အိမ်ထောင်စုမရှိသူများမကျန်ရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့်အတူ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)