မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏  လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

မိုင်းရယ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးစိုးမင်းအောင်က  မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ၏ ကျင်းပနိုင်သည့် ရပ်ကွက်/ကျေးရွာများ၏ မဲရုံအ‌ရေအတွက်နှင့် မဲရုံတည်နေရာစာရင်း ပြုစုထားရှိမှုအခြေအနေ၊ မဲရုံတစ်ရုံချင်းအလိုက် MEVM စက်လိုအပ်မှုအခြေအနေများကိုလည်းကောင်း၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဌေးဦးက ကျေးရွာများအလိုက် နယ်မြေအခြေအနေများနှင့် မဲရုံများ အကြောင်းကိုလည်းကောင်း ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)