သာစည်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဆိုင်ရာ သင်တန်းများ ပို့ချ

သာစည် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းအဆိုပြုလွှာရေးသွင်းနည်းနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းများပို့ချပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်က လှိုင်းတက်ကျေးရွာကော်မတီဝင်များနှင့် အသင်းသား/ အသင်းသူများအား ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးစိန်က သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဦးအောင်ကျင်ဖိုက်က သင်တန်းကို ပို့ချသည်။

အဆိုပါသင်တန်းကို ဩဂုတ် ၂၈ ရက်က စတင်ဖွင့်လှစ်ပြီး သင်တန်းတွင် (RBF) စီမံကိန်းဆောင်ရွက်သွားမည့် ကုန်းတောင် (တ) ကျေးရွာ၊ ဇီးပင်ပေါက်ကျေးရွာနှင့် လှိုင်းတက်ကျေးရွာတို့မှ ကော်မတီဝင်များနှင့် အသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို နိုင်ငံတော်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး အဆိုပါငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)