ရန်ကုန် စက်တင်ဘာ ၁
AFC Womens Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာ ဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖိတ် ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲသည် ၂၀၂၅-၂၀၂၆ ရာသီအာရှချန်ပီယံလိဂ် အမျိုးသမီးကလပ်ခြေစစ်ပွဲဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များကို ဆက်လက်ကျင်းပရာတွင် မြန် မာနိုင်ငံမှ I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းနှင့် ဖိလစ်ပိုင်နိုင်ငံမှ STALLION LAGUNA FC အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း(၄၅)မိနစ်တွင် STALLION LAGUNA FC အမျိုးသမီးဘောလုံး အသင်းက(၁)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားရာတွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက(၃)ဂိုးသွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းက ဖိလစ်ပိုင်နိုင်ငံမှ STALLION LAGUNA FC အမျိုးသမီးဘောလုံးအသင်းကို (၃)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ကာ Group State သို့ တက်ရောက်သွားခဲ့ သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး Group State သို့တက်ရောက်သွားသော I.S.P.E FC အမျိုးသမီးဘောလုံးအသင်းကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)