မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးနဲမြို့နယ်အားကစားနှင့်ကာယပညာဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပ

 

မိုးနဲ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား/သမီးဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် အ.ထ.က(ခွဲ)နားခံ၊ အ.ထ.က(မိုးနဲ)၊ အ.လ.က(မြို့မ)၊ အ.လ.က (ခွဲ)နမ့်မော်ဆွမ့်၊ အ.လ.က(ခွဲ)နမ့်စလိုင်၊ မူ(လွန်)ဘကမှ (၂)သင်း စု‌စုပေါင်း အမျိုးသား (၇)သင်းနှင့် အ.ထ.က (မိုးနဲ)၊ အ.ထ.က(ခွဲ) နားခံ၊ အ.လ.က(မြို့မ)၊ မူ(လွန်)ဘက စုစုပေါင်း အမျိုးသမီး (၄)သင်းတို့မှ ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ (၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားအသင်း အ.လ.က(ခွဲ) နမ့်စလိုင်နှင့် မူ(လွန်)ဘက(ဒုတိယသင်း)တို့ယှဉ်ပြိုင်ကစားပြီးဖြစ်ပြီး ညနေပိုင်းတွင် အ.ထ.က (မိုးနဲ)နှင့် အ.လ.က(ခွဲ)နမ့်မော်ဆွမ့်တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အမျိုးသမီး အ.လ.က (မြို့မ)နှင့် မူ(လွန်)ဘကအသင်းတို့လည်း ညနေပိုင်းတွင် ဆော့ကစားသွားမည်ဖြစ်ရာ မြို့နယ်ပညာရေးမှူးနှင့်တကွ တာဝန်ရှိသူများက လာရောက်ကြီးကြပ်အားပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို