မိုင်းယန်းမြို့၌ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ  အသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရှိရာ ယမန်နေ့ ည ၇ နာရီက ပါမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်‌တွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဆမ်‌ကျောက်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာများကို ရှမ်း၊ အာခါတိုင်းရင်းသား ဘာသာစကားများဖြင့် အသိပညာ‌ပေးရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်း‌ရေးမှူး ဒေါ်သန်းမေလှိုင်ဦးနှင့် ကော်မတီဝင်များက ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြည်သူများ ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး