ပုဇွန်တောင် စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာန၏ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်မီးသတ်စခန်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံ တော်၏အရန်အင်အားအဖြစ်ဆောင်ရွက်ရန်၊ မီးဘေးသတိမူရေးနှင့်စပ်လျဥ်းသည့်လုပ်ငန်းများဆောင်ရွက်ရန်၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ မီးငြှိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်နှင့်ကပ်ရောဂါဘေးအန္တရာယ်များဖြစ်ပွားလာပါက ကူညီစောင့်ရှောက်ခြင်းနှင့် အခြားရုတ်တရက်ဖြစ်ပွားတတ်သောဘေးအန္တရာယ်များ မဖြစ်ပွားစေရေးကာကွယ်တားဆီးရန်၊ ပြည်သူ့အကျိုးပြုလူမှုဝန်ထမ်းလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန်၊ မီးသတ်ဦးစီးဌာနကဖြစ်စေ၊ မီးဘေးလုံခြုံရေးအဖွဲ့ကဖြစ်စေ အခါအား လျော်စွာပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းပြောကြားခဲ့သည်၊၊ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်သန်းဌေးက လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ သင်တန်းတွင်ပို့ချပေးသွားမည့်လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာစက်ကြီး၊ စက်က လေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို သင်တန်းသား(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလအနေဖြင့် ၁-၉-၂၀၂၅ ရက်နေ့မှ ၂၆-၉-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်(ပြန်/ဆက်)