ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား စံကျောင်းတော် ပြုပြင်မွမ်းမံပြီးစီးမှု ကွင်းဆင်းကြည့်ရှု

ညောင်ရွှေ စက်တင်ဘာလ ၁

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်သို့ရောက်ရှိပြီး စံကျောင်းတော်ပြုပြင်မွမ်းမှုလုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ပင်မကျောင်းတော်ကြီး၊ လှေခါးများ၊ စောင်းတန်းများနှင့် ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာအဆောင်တို့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး အဆိုပါထိခိုက်ပျက်စီးမှုများအား နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် ပြန်လည်ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် သီတင်းကျွတ်ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကာလအမီ ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးများက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ကိစ္စများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ