ပူတာအို စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောသဘာဝဘေးအန္တရာယ် များကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁) ရက် နံနက် (၉) နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဉက္ကဋ္ဌ ဦးသန်းထွေးက သင်တန်းသားများအနေဖြင့် ခေတ်မီအဆင့်မြင့်သုံး ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးစနစ်များကို လက်တွေ့သင်ကြားနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ အကြင်နာစသည့် နာ (၅) နာ ကောင်းမွန်သည့်စိတ်ထားများဖြင့် အရန်မီးသတ်တပ်ဖွဲ့သို့ဝင်ရောက်ပြီး မီးသတ်လုပ်ငန်းများကို လုပ်ကိုင်နေကြသူများဖြစ်သဖြင့် အထူးလေးစားဂုဏ်ယူပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှလေ့ကျင့်သင်ကြားပေးမည့် သင်ခန်းစာဘာသာရပ်များကို ကြိုးစားသင်ယူစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဉက္ကဋ္ဌ ဦးသန်းထွေး၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်တို့က သင်တန်းသားများအတွက် ဝတ်စုံများထောက်ပံ့ပေးအပ်ရာ သင်တန်းသားများကိုယ်စား တာဝန်ရှိသူများက လက်ခံရယူသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသားစုစုပေါင်း (၅၀) ဦးအား လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်၊မီးသတ်ပညာဘာသာရပ်၊ မီးသတ်တပ်ဖွဲ့၏သမိုင်း၊ ဉပဒေဘာသာရပ်များကို စက်တင်ဘာ (၁) ရက်မှ (၂၆) ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ်လေး ပတ်ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်၊မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတိတုတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ဖုန်ကန် (ပူတာအို)