ပြည်ကြီးတံခွန် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာသူများအား ယမန်နေ့နံနက် (၁၀) နာရီက မြသိန်းတန်ဓမ္မာရုံ၌ နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းပြည်ကြီးတံခွန်မြို့နယ်ရှိ (ဃ) ရပ်ကွက်သို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာလာသူများအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် တစ်လအတွက် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် (ဃ) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမော်ကြီးနှင့်အဖွဲ့ဝင်များက ပြည်ကြီးတံခွန် (ဃ) ရပ်ကွက်ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)