ပြည်ကြီးတံခွန်မြို့နယ် (က) ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပြည်ကြီးတံခွန် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က) ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်တံခွန်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မဟာအောင်မြေခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁) ဦးသန်းကြွယ်က မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်ပက်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံ‌မဲ‌ပေးနည်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်း‌ကျော်နှင့် အဖွဲ့ဝင်များ၊ (က) ရပ်ကွက်ရှိရာ အိမ်မှူး၊ ဆယ်အိမ်မှူးများ၊ (က) ရပ်ကွက်နေပြည်သူ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်