ညောင်ဦး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၊ ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့် အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာဘာ ၁ ရက် နံနက် ၉ နာရီတွင်လည်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိက ဒေါ်ယွန်းယွန်းထိုက်က မဲပေးစက်ဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်လင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်သူ/ ရပ်ကွက်သားများက ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မဲပေးကြပြီး၊ ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲပေးစက်မှ မဲလက်မှတ်စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ မဲရလာဒ်ထုတ်ပြန်ခြင်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။
ဒီပါလင်း