မြောက်ဥက္ကလာပ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရေဘေးအန္တရာယ်ကြောင်းအသိပညာပေးဟောပြောခြင်းကို ဩဂုတ် ၃၀ ရက် နေ့လယ် ၂ နာရီ အချိန်တွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက မြန်မာနိုင်ငံတွင်မုတ်သုံကာလဖြစ်သည့် ဇွန်လမှ အောက်တိုဘာလများအတွင်း အနောက်တောင်မုတ်သုံလေ အားကောင်း၍ မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ မုန်တိုင်းများ၀င်ရောက်ခြင်းနှင့် မုန်တိုင်အရှိန်ကြောင့်ဖြစ်စေ နှစ်စဉ်မြစ်ရေကြီးခြင်းများဖြစ်ပွားလေ့ရှိပါကြောင်း၊ မြစ်ကြီးများ၏မြစ်ဖျားပိုင်းတွင်မြစ်ရေကြီးခြင်း၊ အဆိုပါမြစ်ရေများသည် မြစ်အောက်ပိုင်းသို့တဖြည်းဖြည်းစီးဆင်းလာကာ မြစ်၀ကျွန်းပေါ်ဒေသများအထိ ပျံ့နှံ့ရေကြီးမှုများဖြစ်ပေါ်တတ်ကြောင်း၊ မိုးများခြင်းကြောင့် မြစ်ရေကြီးခြင်းနှင့်အတူ မြေပြိုကမ်းပြိုခြင်း ၊ လျှပ်တပျက်ရေကြီးခြင်းနှင့်ရေလှောင်ကန်များ၊ ဆည်များ၏ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်း၊ ဆည်ကျိုးပေါက်ခြင်းတို့ဖြစ်ပေါ်တတ်သဖြင့် အထူးသတိပြုသင့်ပါကြောင်း စသည့်မှတ်သားဖွယ်ရာဗဟုသုတအတွေ့အကြုံများအား အကျယ်တ၀င့်အသိပညာပေး ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ဒုတိယဦးစီးမှူးနှင့်၀န်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)