မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေး

ချမ်းမြသာစည်   စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အခွန်ဦးစီးဌာန၏ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့  နံနက် ၁၀နာရီတွင် ၁၀၉-၆၀လမ်းထောင့်ရှိ SWALLOW HOTEL ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးတက်ထွဋ်‌အောင်က အမှာစကားပြောကြားပြီး အခွန်ဦးစီးဌာနမှူးရုံး ဒုတိယညွှန်ကြားရေးမှူး  ဦးနိုင်ဦးက ပြည်တွင်း အခွန်ဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် အခွန်များနှင့်ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြ‌သော အခွန်ထမ်းပြည်သူများက သိလိုသည်များမေးမြန်း ဆွေးနွေးသည်။

အခမ်းအနားသို့  ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အခွန်ဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့