ရန်ကုန် စက်တင်ဘာ ၁
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က သာယာကုန်း(ဘက)ကျောင်းနှင့် ရေနံမူလွန်ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက် ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)