မြောက်ဥက္ကလာပမြို့နယ်၌  စာဖတ်ဝိုင်း ကျင်းပပြုလုပ်

မြောက်ဥက္ကလာပ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဩဂုတ် ၃၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အမျိုးသားစာပေဆုရအောင်စိုး(တိရစ္ဆာန်ဆေးကုဆရာ၀န်)ရေးသားသည့် “မြန်မာ့ယဉ်ကျေးမှု ဆယ်နှစ်လရာသီ ဓလေ့ထုံးစဉ်လာ" စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ရခြင်းများ၊ အမျိုးသားစာပေဆုရအောင်စိုး(တိရစ္ဆာန်ဆေးကုဆရာ၀န်)ရေးသားသည့် “မြန်မာ့ယဉ်ကျေးမှု ဆယ်နှစ်လရာသီ ဓလေ့ထုံးစဉ်လာ" စာအုပ်ပါ အကြောင်းအရာများဖြစ်သော မြန်မာ့ရိုးရာသက္ကရာဇ်သမိုင်း၊ သက္ကရာဇ်အခေါ်အဝေါ်၊ မြန်မာတို့သုံးခဲ့သည့်သက္ကရာဇ်သမိုင်းအစဉ်အလာ၊ မြန်မာသက္ကရာဇ်ဖြစ်ပေါ်လာပုံများ စသည့်တို့ကိုဟေပြောဆွေးနွေးခဲ့ပြီ ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းခဲ့ရာ မေးမြန်းချက်များအပေါ် တာ၀န်ရှိသူကပြန်လည်ဖြည့်စွက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ‌ကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)