သင်္ဃန်းကျွန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

သင်္ဃန်းကျွန်း စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများပေးအပ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးမိုးသီဟဇော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းသို့ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးလှမျိုး၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြိုင်အုံး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးမိုးသီဟဇော်၊ မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။ အဆိုပါသင်တန်းတွင် သင် တန်းသားသား(၅၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်မိုး(သင်္ဃန်းကျွန်း)