မိုင်းပန် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုင်းပန် ကုန်းပင်း (မိုင်းပန်) ဗုဒ္ဓဂါယာ ကုန်းပင်းဘုန်းတော်ကြီးကျောင်း၌ ဩဂုတ်လ (၃၀) ရက်နေ့ နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျေးရွာနေပြည်သူများနှင့် စုစုပေါင်းအင်အား (၁၅၀) ဦးဖြင့် ကုန်းပင်းကျောင်းတိုက်၌ ကျွန်း မဟော်ဂနီ၊ သရက်(၂၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)