မြစ်သားမြို့နယ် ကူမဲမြို့ရှိ လမ်းဘေးစျေးဆိုင်များအား လမ်းဧရိယာအတွင်း ကျူးကျော်ရောင်းချမှုမရှိစေရေးကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား သြဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကူမဲမြို့ရှိ လမ်းဘေးစျေးဆိုင်များအား လမ်းဧရိယာအတွင်း up now ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်ညိုညိုဝင်း၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ မြစ်သားမြို့နယ်၊ ကူမဲမြို့ ရန်ကုန်-မန္တလေးကား လမ်း‌ဘေးလမ်းဧရိယာအတွင်း ကျူးကျော်စျေးရောင်းချနေသည့် ဆိုင်များအား လမ်းဧရိယာအတွင်း ကျူးကျော်ရောင်းချမှုမရှိစေရေးနှင့် မိမိပိုင်ဧရိယာအတွင်း၌သာ စျေးရောင်းချစေရေးကွင်းဆင်းချပြရှင်းလင်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)