မိုးနဲ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုများ ချီးမြှင့်ပေးအပ်ခြင်းကို လွိုင်ပြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်ဩဝါဒါစရိယဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အုဋ္ဌ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလာခံယူတော်မူပြီး ၂၀၂၅ ခုနှစ်အတွက် နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သာမဏေများ၊ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စာအောင်ဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်ဩဝါဒါစရိယဆရာတော်ဘဒ္ဒန္တမာဃိန္ဒထံမှ ကိုယ်ကျင့်တရားဩဝါဒကို ခံယူခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မြို့နယ်ဦးစီးမှူး)