တွံတေး သြဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အခွန်ဦးစီးမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တွံတေးမြို့နယ် အခွန်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူး ဦးစံသိန်းက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)