ဗိုလ်တထောင်မြို့နယ် Community Centre ခန်းမ၌ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဗိုလ်တထောင် ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ​ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်မှ မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး​အတွက် မြို့နယ်စာကြည့်တိုက်ကော်မတီဥက္က‌ဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်နေမှုများ၊ ဆက်လက်၍ ကျန်ရှိနေသည့် ရပ်ကွက်စာကြည့်တိုက်များကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် အစရှိသည်များဆွေးနွေးပြီး မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဦးမြတ်စိန်(စာရေးဆရာမိုးကျော်သူ)မှ ဆွေးနွေးခြင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များမှဆွေးနွေးကြပြီး မြို့နယ်ဦးစီးအရာရှိက နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို(၉)နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်း (ပြန်/ဆက်)