ဒဂုံအရှေ့ ဩဂုတ် ၃၁
ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှော်ကားငါးလုပ်ငန်းစခန်းမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ငမိုးရိပ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများတက်ရောက်၍ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ငါးရိက္ခာဖူလုံစေရန် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ငါးမြစ်ချင်းကောင်ရေ (၄၇၅၀၀၀)သိန်းတို့ကို ငမိုးရိပ်ချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ