ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U13/U17 အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ဟိုပုံး ဩဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U 13 / U17 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့မအားကစား၌ ကျင်းပပြုလုပ်သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးဝါသနာရှင်များ ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် U13 အမျိုးသားဘောလုံးပြိုင်ပွဲတွင် အ.ထ.က စမ်းစုတ်ကျောင်းနယ်မြေဘောလုံးအသင်းနှင့် အ.ထ.က (၂) ကျောင်းနယ်မြေဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ အ.ထ.က စမ်းစုတ်ကျောင်းနယ် မြေဘောလုံးအသင်းက အ.ထ.က (၂) ကျောင်းနယ်မြေဘောလုံးအသင်းကို (၁)ဂိုး (၀) ဂိုးဖြင့်လည်းကောင်း၊ U17 အမျိုးသားဘောလုံးပြိုင်ပွဲတွင် အ.ထ.က (၁) ကျောင်းနယ်မြေဘောလုံးအသင်းနှင့် အ.ထ.က (ကျောက်တန်း) ‌ကျောင်းနယ်မြေဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် (၁) ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အ.ထ.က (၁) ကျောင်းနယ်မြေဘောလုံးအသင်းက အ.ထ.က (ကျောက်တန်း)‌ကျောင်းနယ်မြေဘောလုံးအသင်းကို (၅) ဂိုး (၃) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ U13 အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တလျှောက်အသန့်ရှင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တလျှောက်အကောင်းဆုံးဆုများကိုလည်းကောင်း၊ U17 အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တလျှောက်အသန့်ရှင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တလျှောက်အကောင်းဆုံးဆုများကို လည်းကောင်း၊ U13 အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အ.ထ.က (၁) ကျောင်းနယ်မြေဘောလုံးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် အ.ထ.က (၂) ကျောင်းနယ်မြေ ဘောလုံးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် အ.ထ.က စမ်းစုတ် ကျောင်းနယ်မြေဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းနှင့်ငွေသားဆုကိုလည်းကောင်း၊ U17 အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အ.ထ.က (၂) ကျောင်းနယ်မြေဘောလုံးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် အ.ထ.က (‌ကျောက်တန်း) ကျောင်းနယ်မြေဘောလုံးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် အ.ထ.က (၁) ကျောင်းနယ်မြေဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းနှင့်ငွေသားဆုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထိုက်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ဩဂုတ်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)