သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန် သြဂုတ် ၃၁

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ ဆီးချိုဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများခံယူနိုင်ရန် (အခမဲ့)စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုကုသပေးရာတွင် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဆီးချို၊ သွေးတိုးဝေဒနာရှင်များအား စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ ဆေးများ (အခမဲ့) ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)