လဲချားမြို့နယ် မတ်လန်းကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှု

လဲချား သြဂုတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် မတ်လန်း‌ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက မတ်လန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က မြန်မာအီလက်ထရောနစ်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးက အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းကို ရှင်းလင်းပြောကြားကာ မဲပေးစက်တပ်ဆင်ပုံနှင့် ကိုင်တွယ်အသုံးပြုနည်း လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းများကို ရှင်းလင်းပြသခဲ့မှုအပေါ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး  မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စနစ်တကျကြီးကြပ်၍ ရှင်းလင်းသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)