မဟာအောင်မြေ ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရတနာပုံခန်းမ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာ/ဆရာမများ၊ ထူးချွန်ကျောင်းသား/သူများ၊ မိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၁၂၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာ ကိုရည်ဒို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး သိပ္ပံဘာသာတွဲတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား/သူ(၄)ဦး၊ တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် ဝိပ္ပံဘာသာတွဲမှ ကျောင်းသား/သူ(၃)ဦး၊ သိပ္ပံနှင့် ဝိပ္ပံဘာသာတွဲ တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် ကျောင်းသား/သူ(၂)ဦး၊ (၆)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ သူ(၃၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရ ကျောင်းသား(၁၇၇)ဦးအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး သိပ္ပံဘာသာတွဲ Top Ten ဝင် ဒုတိယအဆင့် အမှတ်အများဆုံးရ ကျောင်းသူ မရွှန်းသံသာအေးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း