ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျောက်ဆည်မြို့နယ် ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ သွားရောက်လေ့လာ

စဉ့်ကိုင် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းဦးစီး၍ ကြီးကြပ်ဆရာ၊ဆရာမများ သတ္တဗေဒဌာနမှ မဟာသိပ္ပံ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၅)ဦးတို့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ ဇီဝနည်းပညာနှင့် သုတေသနဦးစီးဌာနသို့ Lab ခန်းများသို့ သွားရောက်လေ့လာခဲ့ရာ ကျောက်ဆည်မြို့နယ် ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်က တွေဆုံအမှာစကား ပြောကြားခဲ့သည်။  ထို့နောက် Microbiology ဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာစန်းစန်းယုက ကျောင်းသား၊ ကျောင်းသူများ လေ့လာရမည့် Lab ခန်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲပြီး ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ Lab ခန်း အသီးသီးသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(စဉ့်ကိုင်)