မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်စကားဝိုင်း ကျင်းပ

မြစ်ကြီးနား သြဂုတ် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မနောမြေပညာရေးစင်တာတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၉ နာရီကကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါ်မာလာဝင်းကလူငယ်စကားဝိုင်းကျင်းပ ရသည့်ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းအားဆက်လက်ကျင်းပရာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ဒေါ်ခိုက်သက်မွန်က ဦး ဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ မနောမြေပညာရေးစင်တာမှအထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူများဖြစ်သော မောင်အောင်ကောင်းခန့်ကျော်၊ မောင်ဂျွန်တူးမိုင်၊ မမြတ်ဖွေးဖွေးမိုး၊ မခင်မျိုးကြိုင်နှင့်မထက်ဝေဝေကြွယ်တို့က မိတ္တဗလ၊ ဉာဏဗလ၊ ကာယဗလနှင့် စာရိတ္တဗလများနှင့်ပတ်သက်၍ ဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူကဖြည့်စွက်ဆွေးနွေးပေးသည်။

ယင်းနောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများအား အမှတ်တရဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)