မိုင်းယောင်း ဩဂုတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်) ပြိုင်ပွဲ အခြေခံပညာအဆင့် (၁၅-၂၀) မဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ်တေး အဆိုကဏ္ဍ၌ ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မောင်ကောင်းပြည့်စုံ Grade-10 အ.ထ.က(မိုင်းယောင်း)က ယှဉ်ပြိုင်မည့်တေးသီချင်းအား သီဆိုဖျော်ဖြေသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်းနှင့် တာဝန်ရှိသူများက လိုအပ်သည့် အုပ်ချုပ်၊ ထောက်ပံ့စားရိတ်များ လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်) ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း