ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာအုပ်စုတွင် မိုးနေကြာ (၂၇၆)ဧက စိုက်ပျိုးထားရှိပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် ရဲဘော်ကြီးကျေးရွာအုပ်စုတွင် မိုးနေကြာ (၂၇၆)ဧက စိုက်ပျိုးထားရှိပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရဲဘော်ကြီးကျေးရွာအုပ်စုမှ တောင်သူများသည် ယာမြေအများစုပိုင်ဆိုင်ကြောင်းနှင့် မိုးနေကြာအပြင် မိုးနှမ်း (၁၂၀၉)ဧက၊ ပဲတီစိမ်း (၅၆၃)ဧက၊ ပဲစင်းငုံ (၁၂၄)ဧက၊ ချည်မျဉ်ရှည်ဝါ (၅၀၂)ဧက၊   ငှက်ပျော (၇၅၀) ဧက၊ သရက် (၁၂)ဧက၊ လျှော်ဖြူ (၆၀)ဧက၊ နှံစားပြောင်း (၃၃)ဧက၊ ဖူးစားပြောင်း (၁၀၃)ဧက၊ ငရုတ် (၃၆)ဧက၊ ဟင်းသီး/ဟင်းရွက် (၃၇)ဧက၊ ကျွဲနွားစာ (၁၃၂)ဧကနှင့် အခြားပဲမျိုးစုံ (၅၈)ဧက စိုက်ပျိုးထားရှိပြီးကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးနေကြာသီးနှံများကို တိုက်နယ်(၁)တွင် (၄၇၃)ဧက၊ တိုက်နယ်(၂)တွင် (၁၇၅)ဧက၊ တိုက်နယ်(၃)တွင် (၅၀)ဧက၊ တိုက်နယ်(၄)တွင် (၇၇)ဧက၊ တိုက်နယ်(၅)တွင် (၁၀)ဧက၊ တိုက်နယ်(၆)တွင် (၂၇၆)ဧက၊ တိုက်နယ်(၇)တွင် (၁၀၈)ဧက၊ တိုက်နယ်(၈)တွင် (၁၁၂၄)ဧက၊ တိုက်နယ်(၁)တွင် (၄၇၃)ဧက၊ တိုက်နယ်(၉)တွင် (၄၈)ဧက၊ တိုက်နယ်(၁၀)တွင် (၁၂)ဧက၊ တိုက်နယ်(၁၁)တွင် (၆၄)ဧက၊ တိုက်နယ်(၁၂)တွင် (၁၀၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ပြည့်မီကျော်လွန်ရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)